Samsung Galaxy S5 SM-G900F ကို Root လုပ်ဖို့ အောက်က File တွေကို အရင် Download လုပ်လိုက်ပါ။

CF Autoroot လေးဆိုတဲ့ Odin ကနေ PDA ကိုရွေးပြီးတော့ Flash လုပ်လိုက်တာနဲ့ Root လုပ်သွားမှာပါ။

သူနဲ့ အဆင်ပြေတဲ့ Odin လေးပါ တွဲထည့်ပေးထားပါတယ်။


Root လုပ်ရန် အဆင်မပြေသူများအတွက် ကျတော် Flash ပုံလေး ရှင်းပြပေးလိုက်ပါတယ်။☺


ဒေါင်းလို့ရတဲ့ rar file ကို ဖြည်လိုက်ပါ။

အရင်ဆုံး odin ကို ဖွင့်လိုက်ပါ။

PDA ဆိုတာလေးကို click ပြီး CF-Auto-Root-klte-kltexx-smg900f ဆိုတဲ့ folder ထဲက

CF-Auto-Root-klte-kltexx-smg900f.tar.md5 ကို ရွေးပေးလိုက်ပါ။

Phone ကို Download mode သွင်းပါ။

Download mode သွင်းရန် >>> volume down + home + power ကို ဖိထားပါ။

                    volume up ကို တစ်ချက် နှိပ်ပါ။

ပြီးရင် Phone ကို PC နဲ့ connect လုပ်ပါ။

PC မှာ Phone ကို သိပြီဆိုရင် Odin က start ဆိုတာကို click လိုက်ပါ။

Odin မှာ အလုပ်လုပ်နေပါလိမ့်မယ် ... ခေတ္တစောင့်ပေးပါ။

Odin မှာ PASS ပြပြီး Phone မှာ အလုပ်လုပ်နေပါလိမ့်မယ်။

Phone မှာ Reboot ကျပြီး Power ပြန်တက်လာလို့ Home Screen ရောက်ရင်

သင့် Phone မှာ Root Access အပြည့်အ၀ အလုပ်လုပ်ပေးမဲ့

SuperSU လေးကို တွေ့မြင်ရပါပြီ။