Showing posts with label Android Tutorial. Show all posts
Showing posts with label Android Tutorial. Show all posts
6/3/14
Temple Run2 ကိုဆော့ဖူးတဲ့ ညီအစ်ကိုတွေ ဆော့လိုကောင်းကြောင်းကိုသိမှာပါ..........
Temple Run2 ကို အကြွေးစေ့ တွေ အသက်တွေ Power တွေကို Root မလုပ်ဘဲ ခိုးလိုရတဲ့နည်းလေးပါ..
လိုအပ်တာက အောက်က ပေးထားတဲ့ Text file ရယ် မိမိဖုန်းမှာ File Manager ရယ်လိုပါတယ်
Text file Download <<< mediafire >>>
ဒေါင်းပြီးသွားရင် မိမိတို့ရဲ့ ဖုန်းထဲက File Manager ထဲကိုဝင်ပါ.........
ဂိမ်းကို Internal ထဲထည့်ထားတယ်ဆိုရင် Internal အောက်က Android/data/com.imangi.templerun2/files  အောက်က gamedata အမည်ဆိုတဲ့ဖိုင်ကို ဖျက်ပြီး ကျွန်တော်ပေးထားတဲ့ ဖိုင်ကိုအဲ့နေရာမှာအစားထိုးထဲ့လိုက်ပါ...........3.06kb ဘဲရှိပါတယ်........
အဲ့လိုထဲပြီးသွားပြီးဆို Temple Run2 ပြန်ဖွင့်ကြည့်လိုက်ပါ အောက်က ပုံလိုခိုးပြီးသား ကိုတွေ့ရပါမယ်
အဆင်ပြေကြပါစေ.....................
Posted on 11:43 PM by Unknown
No comments
5/18/14
Posted on 3:38 AM by Unknown
No comments
Y535D-C00 Root လုပ်ရန်အဆင်မပြေတဲ့သူတွေအတွက် Insecure Boot
တခုလုပ်ပေးထားပါတယ်။ဒေါင်းလော့ချထားတဲ့ EXE ဖိုင်ကိုဖွင့်ပါ။
စက်ကိုပါဝါပိတ်ရက်အနေထားမှာ Vol+ and Vol- ကိုဖိထားပြီး Power ခလုပ်ကိုနှိပ်ပါ။
Huawei Logo တက်လာပီဆိုရင် Vol+ နှင့် Power ကိုလွတ်ပါ။
Fastboot ၀င်နေပါလိမ့်မယ်။ Fastboot အနေထားမှာကွန်ပျူတာနှင့်ချိတ်ပေးပါ။
Boot.img ချိန်းပီးပြန်တက်လာပြီဆှိုလျှင် မိမိကြိုက်နှစ်သက်ရာ Root Tool ဖြင့်
Root ဖောက်ပြီးမြန်မာစာထည့်နိုင်ပါပြီ။
Credit To MPX KGK
Download Link 1 (or) Download link 2 (or) Download Link 3
Posted on 3:36 AM by Unknown
1 comment
တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ Nokia ဖုန်း
Nokia X ဆိုတဲ့ မော်ဒယ်နဲ့ Andriod ဖုန်းထွက်လို့လာပါပြီ။
Nokia X ကို Root ဖောက်ချင်သူများအတွက်၊ Google Play ထည့်ချင်သူများအတွက်
Developer Ethan ရေးထားတဲ့ Tool လေးကို ပြန်ရှယ်ပေးလိုက်ပါတယ်။
Download Link:
Posted on 3:31 AM by Unknown
No comments
5/8/14
Android Phone ကို Root လုပ်နည်းများပြတဲ့ APK လေးပါ။
ပါဝင်တဲ့ Brand တွေကတော့ 
Samsung
LG
Sony
HTC
Google
Huawei အဲ့ဒီ Brand တွေပါပါတယ်။
အောက်က Link မှာ Download လုပ်လိုက်ပါ။
Ref : Narth Tar
Posted on 10:59 AM by Kyawminn Khant
No comments
5/7/14
ဒီ Post လေးကသိပြီးသားဆရာများအတွက်မဆိုလိုပါဘူမသိသေးတဲ့ Userတွေအတွက်ပါ။အရင်ဆုံးလိုအပ်တဲ့ TAR.MD5 PACKAGER ဖိုင်လေးကိုဒေါင်းပြီး Desktop ပေါ် ဖြည်ချထားလိုက်ပါ။ပြီးရင်မိမိ ဖြည်ချလိုသော Firmware ရဲ့ tar.md5 ဖိုင်လေးကို TAR.MD5 PACKAGER ဖိုင်ထဲကိုထည့်သို့ထည့်ထားပါ။ကျွန်တော်က S5 Firmware G900FXXU1ANCF_G900FOLB1ANCD_G900FXXU1ANCE_HOME.tar
ဖိုင်လေးကိုထည့်ပြီးစမ်းထားပါတယ်။အောက်ကပုံလိုပါ။
ဖြည်ချလိုသော Firmware ဖိုင်ကိုထည့်ပြီးရင် အောက် TAR MD5_PACKAGER batဖိုင်လေးကို Run လိုက်ပါ အောက်ကပုံလိုပေါ်လာပါမယ်
ကျွန်တော်တို့က ဖြည်ချမယ်ဆိုတော့ နံပါတ် 3 ကိုနှိပ်ပြီး Enter ခေါက်လိုက်ပါ အောက်ကပုံလိုပေါ်လာပါမယ်……
အဲ့လိုပေါ်လာပြီးဆိုနံပါတ် 1 ကိုနှိပ်ပြီး Enter နှိပ်လိုက်ပါ။ကျွန်တော်တို့ Folder ထဲမှာ Firmware 2ခုထည့်ထားရင် 1,2ဆိုပြီးပေါ်နေပါမယ် မိမိပြောင်းချင်တဲ့ နံပါတ်ကိုနှိပ်လိုက်ပါ။ Y/N မေးလျှက် Y ရွေးပြီး Enter နှိပ်လိုက်ပါ…အောက်ကပုံလို Extracting စတင်လုပ်ဆောင်နေပါပြီး……..
Firmware ထဲမှာပါတဲ့ ဖိုင်တွေ အားလုံး ဖြည်ချလိုပြီးသွားပြီးဆိုအောက်ကပုံလိုပေါ်လာပါမယ်ခင်ဗျာ……
Press any Key to continue ကိုနှိပ်လိုက်ပါ ကျွန်တော်တို့ ဖြည်ချလိုက်တဲ့ ဖိုင်တွေအားလုံးကိုTAR_MD5_PACKAGERဖိုင်ထဲကpartsဆိုတဲ့ Folder ထဲမှာတွေ့ရပါမယ်……..
ကျွန်တော်တို့ဖြည်ချထားတဲ့ အထဲကမှာ Recovery ဖိုင်တစ်ခုထဲကိုဘဲ TAR.MD5 ပြန်လုပ်မယ်ဆိုလည်းရပါတယ်။ကျွန်တော်တို့ကRecoverryတစ်ခုထဲကိုဘဲပြောင်းချင်တာဆိုတော့ Parts Folder ထဲမှာ recovery ဖိုင်ကလွဲပြီးကျန်ထဲဖိုင်တွေကိုတစ်ခြားတစ်နေရာသို့ပြောင်းထားလိုက်ပါ။အောက်ကပုံလိုပါခင်ဗျာ။
ခုနက bat ဖိုင်လေးကိုပြန် Run ပြီးရင်နံပါတ် 1 ကိုရွေးလိုက်ပါ။မိမိပေးချင်တော့ အမည်ပေးလိုက်ပါ။ကျွန်တော်ကတော့ S5_original_recovery ပေးလိုက်ပြီး Enter နှိပ်လိုက်ပါတယ် Y/N မေးရင် Y ကိုရေးပြီး Enter နှိပ်လိုက်ပါ သူဘာသာသူ Packaging လုပ်သွားပါလိမ့်မယ် အောက်ကပုံလိုပါခင်ဗျာ
ပြီးသွားရင် ပြန်ပေါင်းထားတဲ့ ဖိုင်ကို TAR_MD5_PACKAGER ထဲကpackagedဆိုတဲ့ Folder ထဲမှာမိမိပေးထားခဲ့တဲ့ အမည်နဲ့ TAR ဖိုင်လေးကိုတွေ့ရပါမယ်။မိမိတို့လိုအပ်သလိုစမ်းသုံးနှိင်ပါတယ်။ကျွန်တော်ကအဲ့လိုလေးသုံးနေတာကြာပြီးခုမှာ Post ရေးပြီး ပြန် share လိုက်တာပါ။
လိုအပ်သော ဖိုင်များကိုအောင်က Link မှာဒေါင်းနှိင်ပါတယ်...
Download
PDF ဖိုင်ဖြင့်ဖတ်လိုလျှင်အောက်မှာဒေါင်းပါခင်ဗျာ........
Link1<<<  d-h.st >>>
Link2<<< mediafire >>>
TAR_MD5_PACKAGER.Zip
Link1<<< mediafire >>>
Link2<<< d-h.st >>>
အားလုံးအဆင်ပြေကြပါစေခင်ဗျာ…………………
Posted on 7:24 PM by Unknown
No comments
4/29/14
Android Phone + Table တွေကို ကွန်ပြုတာ ပုံစံမျိုး သုံးချင်သူများအတွက် ဒီဆော့ဝဲလေး ဆောင်ထားလိုက်ပါ။ ဒီဆော့ဝဲလေးကို 
ဖုန်းထဲကို Run ပြီးတာနဲ့ တစ်ပြိုင်နက် မိမိဖုန်းက ကွန်ပြုတာ ပုံစံမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ File Manager က အစ ကွန်ပြုတာ 
ပုံစံမျိုး ဖြစ်သွားမှာပါ။ System,User တွေက အစ ခွဲပေးထားမှာ ဖြစ်ပါတယ်။ System တွေက အစခွဲပေးထားတာ ဖြစ်တဲ့အတွက် 
မှားဖျက်မိမှာလည်း မပူတော့ပါဘူး ။မိုက်တော့မိုက်တယ်ဗျာကျနော်တော့ကြိုက်တယ်ဗျာ။
သူငယ်ချင်းတို့ကြိုက်တယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ။
Download LInks
=========================
Credit - http://www.winhlaing.org/
Posted on 10:19 AM by Kyawminn Khant
No comments
image
"DiskDigger Pro v0.994" ဆိုတဲ့ application ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါတယ်​-
-ဒီ app ​လေးကို ကိုယ့်​ရဲ့ဖုန်းထဲမှာ install လုပ်​ပြီး ထည့်​ထားလိုက်​တာနဲ့အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ကိုယ်
မှားပြီးဖျက်​လိုက်​မိတဲ့၊photo ​တွေ၊song​တွေ၊apk ​တွေ၊game ​တွေ၊အစရှိတာ​တွေကို 
ပြန်​ပြီး​တော့ restore ပြန်​ဆယ်​ယူလို့ ရရှိ​စေနိုင်​ပါလိမ့်​မယ်။အခုဒီ DiskDigger Pro ဆိုတဲ့ ​ဆော့ဖ်​ဝဲ​လေးကို​တော့ 
မိမိတို့်​ဖုန်း​ပေါ်မှာ အရင်​ဆုံး install လုပ်​​ပေးထားရမှာပဲ ဖြစ်​ပါတယ်​-
-သူ recover ပြန်​ဆယ်​ယူ​ပေးနိုင်​မယ့်​ format အမျိုးအစား​တွေက​တော့-
JPG, PNG, MP4 / M4A / 3GP / MOV, GIF, MP3, WAV, TIF, CR2, SR2, NEF, DCR, PEF, DNG, ORF, 
DOC / DOCX, XLS / XLSX, PPT / PPTX, PDF, XPS, ODT / ODS / ODP / ODG, ZIP, APK, EPUB.......
စတာ​တွေပဲ ဖြစ်​ပါတယ်​-
ဒီ apk ကိုအသုံးပြုဖို့ မိမိတို့ဖုန်းဟာ 
"Root Access"ရရှိထားဖို့​တော့လိုပါမယ်​-
-Apk File Size 633KB ​လေးပဲရှိပြီး
-Android OS Version 2.2 နှင့်​အထက်​ ရှိ​သော
ဖုန်းများမှာ ထည့်​သွင်း installing လုပ်​၍ အသုံးပြုနိုင်​မှာပဲ ဖြစ်​ပါတယ်​-
-​အောက်​ကလင့်​ခ်​ကိုနှိပ်​၍​ဒေါင်းယူနိုင်​ပါပြီ-
Credit - ကိုဇော်သွင်နည်းပညာ
Image For DiskDagger Pro
image
image
Posted on 10:11 AM by Kyawminn Khant
No comments
-ဒီတစ်​ခါတင်​​ပေးလိုက်​တဲ့ ​ဆော့ဖ်​ဝဲ​လေးက​တော့
မိမိတို့ရဲ့ photo ပုံ​တွေကို apk အဖြစ်​ ပြုလုပ်​လို့
ရ​စေမယ့်​ ​ဆော့ဖ်​ဝဲ​လေးတစ်​ခုကို တင်​​ပေးလိုက်​ ပါတယ်​-
-ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ပုံ​လေး​တွေကို စုပြီး​တော့
Apk ​ဆော့ဖ်​ဝဲအဖြစ်​ပြုလုပ်​ထားရှိခြင်းဖြင့်​ မိမိကြည့်​ရှုလိုတဲ့အခါမှာ ကိုယ်​လုပ်​ထားတဲ့ Apk
လေးထဲကို ဝင်​​ရောက်​ပြီးတစ်​စုတစည်းထဲ ​တွေ့မြင်
ရမှာဖြစ်​ပါတယ်​-
-ပုံ​တွေကို သူငယ်​ချင်း​တွေဆီ လက်​​ဆောင်​ပို့​ပေး
တဲ့အခါမှာ အခုလို Apk ​လေးပြုလုပ်​ပြီးလက်​​ဆောင်​​ပေး​တော့ ပိုပြီးလန်းတာ​ပေါ့ဗျာ။
Apk ပြုလုပ်​နည်းကလည်း လွယ်​ပါတယ်​။
Gmail အ​ကောင့်​န်​တစ်​ခု ရှိထားရပါမယ်​-
-အရင်​ဆုံးဒီ​ဆော့ဖ်​ဝဲ​လေးကို​ဒေါင်းလုပ်​ယူလိုက်​ပါ-
၁။အင်​တာနက်​ဖွင့်​ထားပါ။
၂။ဆော့ဖ်​ဝဲထဲနှိပ်​ဝင်​ပါ။
၃။ညာဘက်​အ​ပေါ်ထိပ်​​ဒေါင့်​နားက setting ပုံ
နေရာ​လေးကို နှိပ်​ဝင်​လိုက်​ပါ။
၎။ အဲ့ဒိမှာ Join Image2 App ​နေရာကိုဝင်​ပြီး
Gmail နဲ့ အ​ကောင့်​န်​သစ်​တစ်​ခုလုပ်ပြီး Sign in ဝင်​​ပေးထားလိုက်​ပါ။ပြီးရင်​ back နဲ့ပြန်​ထွက်​ပါ။
၅။ပြီးရင်​အ​ပေါ်ထိပ်​နားက ခဲတံပုံ​နေရာကိုနှိပ်​ပါ။
၆။Do You Want To Make A New App ဆိုရင်​ Ok ကိုနှိပ်​လိုက်​ပါ။
၇။App Name ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့နာမည်​ကို ​ပေးပါ။
၈။Package Name ဆိုတဲ့​နေရာမှာ ဘာမှမ​ရေးပဲ
ဒီအတိုင်းထားလည်းရပါတယ်​။
တကယ်​လို့ package name မှာ ​ရေးချင်​ရင်​​တော့
အ​ရှေ့ဆုံးက com.ပြီးရင်​ကိုယ်​ထားချင်​တဲ့နာမည်​​ရေး၊ပြီးရင်​ ဂဏန်းnumber ၁လုံး​ရေး၊ပြီးရင်
ဒေါ့တချက်​ခံ၊ပြီးရင်​ appဆိုတာ​ရေး၊ပြီးရင်​ ဂဏန်း
number ၁လုံး​ရေးလိုက်​ပြီး ok ​ပေးလိုက်​ပါ။
(ဥပမာ- com.kozaw1.app.2) အဲ့လိုမျိုးပါ။
၉။App Icon ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ Apk
ရဲ့ Logo ပုံကို ထားဖို့ ဂယ်​လာရီထဲက နှစ်​သက်​ရာ
ပုံကို​ရွေး​ပေးပြီး Icon ပုံထား​ပေးလိုက်​ပါ။
၁၀။ပြီးရင်​ CONTENTS ဆိုတဲ့​နေရာကိုနှိပ်​လိုက်​ပါ။
၁၁။အဲ့ဒိမှာ Splash image တို့၊ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့ ​နောက်​ခံ Background အ​ရောင်​တို့်
ကိုမိမိစိတ်​ကြိုက်​အ​ရောင်​​ရွေးခြယ်​လို့ရပါမယ်​။
၁၂။ပြီးရင်​​အောက်​က Add Images ဆိုတဲ့​နေရာကို နှိပ်​ဝင်​လိုက်​ပြီး ဂယ်​လာရီထဲက ကိုယ်​လုပ်​မယ့်​ ပုံ
တွေကို တစ်​ပုံခြင်းစီ​ရွေး​ပေးပါ။
၁၃။ပြီးရင်​ back တချက်​ထွက်​လိုက်​ပါ။
၁၂။PUBLISHER ဆိုတဲ့​နေရာကိုနှိပ်​ဝင်​လိုက်​ပါ။
၁၄။အဲ့ဒိ​နေရာမှာ ​ဆော့ဖ်​ဝဲလုပ်​သူရဲ့ နာမည်​တို့၊
website/blogspot ရှိရင်​လည်း ကိုယ့်​ဆိုဒ်​ရဲ့
လိပ်​စာတို့၊Gmail လိပ်​စာတို့၊ဖုန်းနံပါတ်​တို့်​၊
message တို့၊introduce စကားတို့၊စသဖြင့်
ထည့်​ထား​ပေးလို့ရပါတယ်​။
ဘာမှမထည့်​ချင်​လည်း ရပါတယ်​။
၁၅။ပြီးရင်​​တော့ ဘယ်​ဘက်​ထိပ်​နားက
Edit wizard ​ဘေးက ခဲတံပုံ​နေရာကို နှိပ်​လိုက်​ပါ။
ok ​ပေးပါ။
၁၆။အဲ့ဒိမှာ My App List ဆိုတဲ့​နေရာမှာ ကိုယ်​ ခုနက လုပ်​ထားတဲ့​ဆော့ဖ်​ဝဲကို​တွေ့ရပါလိမ့်​မယ်​။
၁၇။အဲ့ဒိ​နေရာကိုလက်​နဲ့ click တချက်​နှိပ်​လိုက်​ပါ။
အဲ့​နေရာမှာ Edit တို့၊Delete တို့၊Option တို့ကို
တွေ့ရမှာဖြစ်​ပြီး၊ပြန်​လည်​ပြင်​ဆင်​တည်းဖြတ်​ နိုင်​ပါ​သေးတယ်​။တကယ်​လို့ Edit မလုပ်​ချင်​​တော့ပါက
ဘေးနားက Build စာသား​နေရာကိုနှိပ်​​ပေးလိုက်​ပါ
Start ကိုနှိပ်​ပါ။
၁၉။Build ပြုလုပ်​​နေပါပြီ။
အင်​တာနက်​လိုင်း​ကောင်း​နေဖို့​တော့လိုပါတယ်​။
Build ပြီးရင်​သူ့ဟာသူ apk ကို download ဆွဲ​နေပါလိမ့်​မယ်​။Limit ပြည့်​သွားရင်​ ကိုယ်​လုပ်​ထား
တဲ့ Apk ​လေးကိုရရှိမှာဖြစ်​ပြီး မိမိဖုန်း​ပေါ်ကို install လုပ်​နိုင်​ပါပြီ။
  ပုံ​တွေကို Apk အဖြစ်​ပြုလုပ်​ခြင်းပြီးဆုံပါပြီ
"ဒီပို့စ်​​လေးကို စာအုပ်​အဖြစ်​သိမ်းယူထားလိုပါက
အောက်​က လင့်​ခ်​မှာ​ဒေါင်းယူပါ"
  အဆင်​​ပြေပါ​စေ။
      (ကို​ဇော်​သွင်​(နည်းပညာ)
Credit : ကိုဇော်သွင်
Posted on 10:06 AM by Kyawminn Khant
No comments
4/27/14
Samsung Galaxy S5 SM-G900F ကို Root လုပ်ဖို့ အောက်က File တွေကို အရင် Download လုပ်လိုက်ပါ။
CF Autoroot လေးဆိုတဲ့ Odin ကနေ PDA ကိုရွေးပြီးတော့ Flash လုပ်လိုက်တာနဲ့ Root လုပ်သွားမှာပါ။
သူနဲ့ အဆင်ပြေတဲ့ Odin လေးပါ တွဲထည့်ပေးထားပါတယ်။
Root လုပ်ရန် အဆင်မပြေသူများအတွက် ကျတော် Flash ပုံလေး ရှင်းပြပေးလိုက်ပါတယ်။☺
ဒေါင်းလို့ရတဲ့ rar file ကို ဖြည်လိုက်ပါ။
အရင်ဆုံး odin ကို ဖွင့်လိုက်ပါ။
PDA ဆိုတာလေးကို click ပြီး CF-Auto-Root-klte-kltexx-smg900f ဆိုတဲ့ folder ထဲက
CF-Auto-Root-klte-kltexx-smg900f.tar.md5 ကို ရွေးပေးလိုက်ပါ။
Phone ကို Download mode သွင်းပါ။
Download mode သွင်းရန် >>> volume down + home + power ကို ဖိထားပါ။
                    volume up ကို တစ်ချက် နှိပ်ပါ။
ပြီးရင် Phone ကို PC နဲ့ connect လုပ်ပါ။
PC မှာ Phone ကို သိပြီဆိုရင် Odin က start ဆိုတာကို click လိုက်ပါ။
Odin မှာ အလုပ်လုပ်နေပါလိမ့်မယ် ... ခေတ္တစောင့်ပေးပါ။
Odin မှာ PASS ပြပြီး Phone မှာ အလုပ်လုပ်နေပါလိမ့်မယ်။
Phone မှာ Reboot ကျပြီး Power ပြန်တက်လာလို့ Home Screen ရောက်ရင်
သင့် Phone မှာ Root Access အပြည့်အ၀ အလုပ်လုပ်ပေးမဲ့
SuperSU လေးကို တွေ့မြင်ရပါပြီ။ 
Posted on 7:36 AM by Kyawminn Khant
No comments
4/10/14
Samsung ဖုန်းများ THL Firmware ကိုမတင်ပဲ မြန်မာစာကို Browser မှလွဲ၍
ကျန်နေရာများတွင် THL Firmware တင်ထားသလိုမျိုးမှန်ပါမယ် ခင်ဗျား ("ရပင်း"တွေအထဲမဝင်တော့ဘူးပေါ့ခင်ဗျ)
Samsung ရဲ့ ZawgyiOne2008.ttf ကိုပဲသုံးပါတယ်ခင်ဗျ
ပထမဦးဆုံး ဖုန်းကို Root လုပ်ပါ ကျွန်တော် S4 9505 LTE နဲ့စမ်းထားပါတယ်ခင်ဗျ
ZawgyiOne2008.ttf ကို system/font ထဲထည့်ပါ Permission ချိန်းပါ
system/etc ထဲက fallback_fonts.xml နဲ့ fallback_fonts_sbrowser.xml ထဲတွင် ZawgyiOne2008.ttf ကို Declare 
လုပ်ပါ (Declare လုပ်ပုံလုပ်နည်းကိုမသိပါက ကျွန်တော်တင်ထားပေးသော zip ဖိုင်ထဲမှ fallback_fonts.xml ကို 
Notepad++ နဲ့ဖွင့်ကြည့်ပါ သဘောပေါက်မှာပါခင်ဗျ) xml နှစ်ခုလုံးကို
Permission ချိန်းပေးဖို့မမေ့ပါနဲ့ခင်ဗျ
ဖုန်းကို Restart လုပ်ပါ ပြန်တက်လာရင်
မြန်မာ keyboard တစ်ခုခုနဲ့ မြန်မာစာစမ်းကြည့်ပါ ("ကျော်" ဆိုပြီးရိုက်ကြည့်ပါ "ရပင်း" ကအထဲဝင်နေပါလိမ့်မယ်) 
ရပါပြီ မြန်မာစာကတော့မြင်ရပါပြီ ဆက်ရအောင်ပါ
system/csc/ ထဲက others.xml ကို
RootExplorer သုံးပြီးတော့ Open in text editor ဆိုပြီးဖွင့်ပါ ဒီနေရာမှာအထူးသတိထားပါခင်ဗျ 
<CscFeature_Framework_EnableThaiVietReshaping>TRUE</CscFeature_Framework_EnableThaiViet
Reshaping>
ဆိုတဲ့စာကြောင်းကိုစာလုံးပေါင်းလုံးဝမမှားစေပဲနဲ့ Declare လုပ်ပေးပါ
ဖုန်းမှ menu ခလုတ်ကိုနှိပ်ပြီး Save and Exit လုပ်ပေးပါ Permission ချိန်းပြီးကြောင်းသေချာအောင်ထပ်စစ်ပါ ဖုန်းကို 
Restart လုပ်ပါ ပြန်တက်လာရင် မြန်မာစာ "ကျော်" ဆိုပြီးစမ်းရိုက်ကြည့်ပါ
အဆင်ပြေပါပြီခင်ဗျား
(RootExplorer သုံးပြီး Declare မလုပ်တတ်ရင် ကျွန်တော်ပေးထားသော zip ဖိုင်ထဲမှသက်ဆိုင်ရာဖိုင်များကို 
သူ့နေရာနဲ့သူကူးထည့်ပြီး Permission ချိန်းပေးပါခင်ဗျ ကျွန်တော့် zip ဖိုင်က S4 9505 LTE ကိုစမ်းထားတာပါခင်ဗျ)
(တစ်ခြား Samsung ဖုန်းတွေကိုစမ်းချင်ရင်လည်းမိမိဖုန်းထဲကသက်ဆိုင်ရာ xml ဖိုင်တွေကို PC ပေါ်ကူးပြီး 
Notepad++ နဲ့ Declare လုပ်ပြီး Save ပါ Save ပြီးသား xml ဖိုင်တွေကိုသူ့နေရာသူပြန်ကူးထည့်ပါ Permission 
ချိန်းပေးပါ)
Posted on 3:15 AM by Kyawminn Khant
No comments