Samsung Galaxy Tab 2 ( 4.1.2 ) လေးဟာ Root မလုပ်ဘဲနဲ့ အင်တာနက်မှာ မြန်မာစာကို မမြင်ရပါဘူး။ ဥပမာ - သစ်ထူးလွင် သတင်းဆိုဒ်ကို ဖွင့်တယ်ဆိုရင် ခေါင်းစဉ်လေးတွေမှာ
မြန်မာစာတွေတော့ မြင်ရပါ့မယ်။ အထဲကို သွားဖတ်ရင်တော့ မမြင်ရတော့ပါဘူး။ အဲဒီပြဿနာကို Root လုပ်ပေးပြီး ဖောင့်ချိန်းပေးမှသာ ရှင်းနိုင်ပါမယ်။ သူ့အတွက်လိုအပ်တာလေးတွေ ကတော့
အောက်မှာဒေါင်းယူလိုက်ပါ။
သူအတွက် Odin 3.07 လိုပါမယ်။
Root လုပ်ဖို့ရင်တွက် CF-Auto-Root ကိုလိုပါမယ်။
သူ့ Driver ကိုတော့ မရှိသေးရင် ဒေါင်းလိုက်ပါ။
ကဲစမယ်ဗျာ။ :D
ဒေါင်းလို့ရတဲ့ zip ဖိုင်လေးတွေကို ဖြည်လိုက်ပါ။ ပထမ Odin 3.07 ကိုဖွင့်လိုက်ပါ။ Tab 2 ကို Power Off ပြီး Downloading Mode ၀င်လိုက်ပါ။ ( Volume down + Power ) နှိပ်ပြီးတော့ နောက်ထပ် ( Volume
down ) ကို ထပ်နှိပ်ပြီးတော့ဝင်လိုက်ပါ။
နောက် USB ကြိုးထိုးပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် ပုံမှာ ပြထားတဲ့
အ၀ါရောင်တန်းလေး နေရာမှာ ပြပါလိမ့်မယ်။ မသိသေးရင် driver ကိုပြန်မောင်းပေးပါ။နောက် PDA ကိုရွေးပြီးတော့ CF-Auto-Root ကိုဖြည်ထားတဲ့ ဖိုင်လေးကို ထည့်လိုက်ပါ။ ပုံမှာပြထားသလို Auto Reboot နဲ့ F.Reset time လေးနှစ်ခုဘဲ အမှန်ခြစ်ထားလား ကြည့်ပါ။ နောက်
ှStart ကိုနှိပ်ပြီး run လိုက်ပါ။ အစိမ်းရောင်ကွက်လေး ပြထားတဲ့နေရာမှာ အတင်းပြေးနေ ပါလိမ့်မယ်။ PASS ပြသွားရင်တော့ အောင်မြင်စွာ Root လုပ်လို့ ပြီးပါပြီ။ ကြိုက်နှစ်သက်ရာ
Font Changer တစ်ခုခုသုံးပြီးတော့ ချိန်းပါ။ :P ကျနော်ကတော့ MMSD Font Changer 1.3 နဲ့ချိန်းပေးလိုက်ပါတယ်။
Credit by GIMF and Phyo Chan POST By Yan Paing Soe
0 comments:
Post a Comment