How to Root Huawei  Ascend U8655-1 Y200  





Huawei  Ascend U8655-1 လေးက တန်ဖိုးနည်းဖုန်းတစ်လုံး ဖြစ်ပြီး သူ့မှာ Google Applications တွေဖြစ်တဲ့ Play Store, Gtalk,Google Search, တွေအပြင် Google + ပါ ပါလာတာကိုတွေ့ရပါတယ်။ သူ့ကို အရင်ဖုန်း တွေလို Root ဖောက်တာကို Vroot နဲ့လုပ်လည်း ရပါတယ်။ ဒီနည်းကတော့ Vroot နဲ့မလုပ်ဘဲ တခြားနည်း ရှာနေတဲ့သူတွေ အတွက်ပါ။ cmd lines တွေကနေ  flash ချင်တဲ့သူတွေ အတွက်ပါ။ အရင်တုန်းက နည်းပေါ့ဗျာ။ :D 






Link ထဲက Superuser-3.0.7-efghi-signed.zip ဖိုင်လေးကို SD card အလွတ်ထဲကူးထည့်ပြီး ဖုန်းထဲကိုထည့်ထားပါ။ ဖုန်းကိုအရင် fastboot ( vol down + power) နှိပ်ပြီးဝင်လိုက်ပါ။ ပြီးတော့ ခုနက ဆွဲထားတဲ့လင့်ထဲက recovery.zip  လေးကို ဖြည်လိုက်ပါ။ အဲဒီထဲက recovery ဖိုင်လေးကို fastboot ကနေ flash လိုက်ပါ။ CWM ထည့်ပြီးသွားပါပြီ။  
ဖုန်းပြန်တတ်လာရင် ပါဝါပိတ်၊ ဓာတ်ခဲဖြုတ်၊ (ငါးစက္ကန့်ခန့်ထား) ပြန်ထည့်ပြီး recovery mode( vol up+power) ကိုနှိပ်ပြီး ၀င်လိုက်ပါ။ Huawei Ascend လိုဂိုမှာ ရပ်နေပါမယ်။ သူ့ကို စက်မှာ Shume နဲ့ထိုးမှ recovery ကို မြင်ရပါမယ်။ ( vroot နဲ့မလုပ်ချင်တော့ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့ဗျာ) :D
ပြီးတော့ ပုံမှာ ပြထားတဲ့ အဆင့်ဆင့် အတိုင်းဝင်လိုက်ပါ။ vol up & down နဲ့ရွေး power နဲ့ဝင်ရပါတယ်။ ပြီး reboot system now ဆိုနှိပ်ပြီး ပါဝါတတ်လာရင် ဖုန်းလေးမှာ superuser အစိမ်းရောင်လေး နဲ့ဖြစ်လာပါပြီ။ 














ပြီးရင်တော့ ဖောင့်ကိုတော့ ကိုယ်ကြိုက်တဲ့  Fontchanger တစ်ခုခု သုံးပြီးတော့ ချိန်းလိုက်ရုံပါပဲ။ 


Credit By GIMF 

Post by Yan Paing Soe