မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့
ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ်
အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလို့
သတ်မှတ်ခဲ့ရပါတယ်
ဘာကြောင့်လဲဆိုတော့ Facebook ပို့တဲ့ Verification Code ဟာ
မြန်မာနိုင်ငံကဖုန်းတွေဆီကို မရောက်နိုင်လို့ပါ
အခုတော့ ကလိမ်ကကျစ်နည်းလမ်းလေးတွေသုံးပြီး
အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ပါပြီ
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက်
(၁) Model အရမ်းကြီးမနိမ့်တဲ့ Android ဖုန်းတစ်လုံး
(၂) Hotspot Shield VPN APK
(၃) TextPlus APK နဲ့
(၄) Yuilop APK တို့ လိုအပ်ပါတယ်
Hotspot Shield APK ကို ဒီမှာ ဒေါင်းပါ
TextPlus APK ကို ဒီမှာ ဒေါင်းပါ
Yuilop APK ကို ဒီမှာ ဒေါင်းပါ
APK သုံးခုလုံးကို တစ်ခါတည်းဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ ( 30 MB ကျော်ရှိပါတယ်)
( Android ဖုန်းတစ်လုံးကို ဒီမှာ ဒေါင်းပါလို့ မပြောနိုင်တာ စိတ်မရှိပါနဲ့ .. :P )
ဒေါင်းလို့ ရလာတဲ့ APK တွေကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ
တစ်ချို့ဖုန်းတွေမှာ Yuilop APK က မ Run ပဲ ပြန်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်
ကျွန်တော်ကတော့ အဲဒီဖြစ်ပြီဆိုရင် Yuilop ကို ဖုန်းထဲကနေ Uninstall လုပ်ပစ်လိုက်ပါတယ်
ပြီးရင် Root Explorer လို Application ကိုသုံးပြီး root >> system >> app ဆိုတဲ့ဖိုဒါထဲကို
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Yuilop.apk ကို ကူးထည့်လိုက်ပါတယ်
ပြီးရင် အဲဒီကူးထည့်လိုက်တဲ့ Yuilop.apk ပေါ်မှာ ခပ်ကြာကြာဖိထားပြီး ပေါ်လာတဲ့ထဲက Permission ကိုရွေးပြီး
rw.r.r ဖြစ်အောင် Permission ပြောင်းပေးလိုက်ပါတယ်
ပြီးရင် ဖုန်းကို Restart ချလိုက်တယ်
ဖုန်းပြန်ပွင့်လာတဲ့အခါမှာ Yuilop ကို အဆင်ပြေပြေနဲ့ Run နိုင်တာ တွေ့ရပါတယ်
( ဒီနည်းက Root ဖောက်ထားတဲ့ဖုန်းတွေမှာပဲ သုံးလို့ရမှာဖြစ်ပါတယ် )
ကဲ .. ထားပါတော့
ကျန်တာတွေ ဘယ်လိုဆက်လုပ်မှာလဲ သိချင်နေမှာပေါ့
လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စာအုပ်လေးရေးပြီး တင်ပေးထားပါတယ်
အဲဒီစာအုပ်ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်
ဒီနည်းလမ်းမှာ လတ်တလောကြုံတွေ့နေရတဲ့ Yuilop က Confirm Code ဟာ TextPlus ထဲရောက်မလာတဲ့ပြဿနာကို
ဖြေရှင်းထားပါတယ်
အဲဒီပြဿနာကို ဖြေရှင်းဖို့ Hotspot Shield ဆိုတဲ့ Application တစ်ခုကို သုံးထားပါတယ်
ဖုန်းရဲ့ VPN ကို Fake လုပ်ပေးတဲ့ APK ပါ
ဒီ APK လေးကို Run မထားရင် Yuilop က Confirm Code သာမက Facebook က Verification Code လည်း
ဖုန်းထဲကို ရောက်လာမှာမဟုတ်ပါဘူး
တစ်ခုသတိပေးချင်တာက ဒီ Hotspot Shield VPN ဆိုတဲ့ Application ကို Run ထားတဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့လက်ရှိ
Facebook အကောင့်ကို မသုံးမိပါစေနဲ့ အဲဒီအကောင့်ကို US ကနေ တစ်ယောက်ယောက် ခိုးသုံးနေတယ်လို့
Facebook က ယူဆပြီး လော့ချပစ်တာတွေ Security Test လုပ်တာတွေ ခံရတတ်ပါတယ်
နောက်ပြီးအဲဒီဖုန်းထဲမှာရှိနေတဲ့ Gmail ထဲကိုလည်း " မင်းရဲ့အကောင့်ကို US က တစ်ယောက်ယောက် ခိုးသုံးနေပါတယ် "
ဆိုတဲ့ Message တွေကို Google Team က မကြာခဏပို့နေမှာဖြစ်ပါတယ် ( ဖြစ်ဖူးတာတွေကို ကြိုပြောပြထားတာပါ )
ဒီနည်းလမ်းဟာ ဖုန်းနံပါတ်အတောင်းခံနေရတဲ့ Locked Account တွေအတွက် ဖြေရှင်းပေးမယ့်နည်းသာဖြစ်ပြီး
ဓာတ်ပုံရွေးခိုင်းတာတွေ မွေးသက္ကရာဇ်ထည့်ခိုင်းတာတွေမျိုး Security Tips မိနေတဲ့ အကောင့်တွေအတွက်မဟုတ်ပါဘူး
နောင်အလျဉ်းသင့်တဲ့အခါမှာ ဗွီဒီယိုဖိုင်အဖြစ်နဲ့ ထပ်တင်ပေးပါဦးမယ်
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Subscribe to:
Post Comments (Atom)
Popular Posts
-
Video Conerter Ultimate လေး ပါ Video Format ပေါင်း များစွာိး MP4, AVI, WMV, 3GP, 3G2, FLV, MPG and SWFစိ တ်ကြိုက်ပြောင်လို၇ပါတယ်။ ip...
-
iCloud Activation Lock ကို ကျော်နည်း How to bypass iCloud Activation Lock iCloud Activation Lock ကျော်နည်းလေးပါ 1. iDevice ကို WiFi နှ...
-
Galaxy S4 (Exynos Octa) (GT-I9500) Andriod Version 4.4.2 Official Firmware Downloa d PDA: I9500XXUFNB7 CSC: I9500OLBFNB4 MODEM: I...
-
^ မြန်မာပြည်အတွင်း ပထမဦးဆုံး Android Mobile App ဖြင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရှာနိုင်ပြီ ^ mg chit hmwe 3:40 AM Mobile New မျ...
-
SYH A Series SYH A8001 >>> DownLoad SYH A8001+ >>> DownLoad SYH A8002 >>> ...
-
3C H30-U10(2GB Ram)V100R001CHNC00B118 Flashtool Firmware http://pc.cd/oMY http://userfil.es/u/gy3tanrz http://d-h.st/XrQ Po...
-
Apple Device တွေအတွက် iTunes ကနေ Sync မလုပ်ပဲနဲ့ သီချင်းတွေ Game တွေ သွင်းလို့ရမဲ့ iTools 2013 Update လေးပါ Download Links ...
-
HUAWEI_Y300_firmware(Y300-0151.Android4.1.Emotion_UI.V100R001C451B184.Australia-Telstra.05011NWH) Download
-
မုန်တိုင်း Font Changer နဲ့ Keyboard လေးကှိုအားပေးကြမယ်ဗျာ ဒီ Apk လေး နှစ်ခုကိုသုံးမယ်ဆိုရင် android version 2.1 နဲ့ အထက် ရှိဖို့လိုပ...
Categories
- Android
- Android App
- Android Games
- Android Games ခိုးနည်း
- Android Phone Root လုပ်နည်းများ
- Android ROM
- Android Tools
- Android Tutorial
- Apple
- Apple Game
- Apple Software
- China Clone Firmwares
- Computer
- Computer နည်းပညာများ
- Drivers
- Ebooks
- Error Fix
- Facebook page
- File Sharing
- Firmware တင်နည်းများ
- Firmwares
- Google Hacking
- Hardware
- HTC
- HTC Firmwares
- Huawei Firmware တင်နည်း
- Huawei Offical Firmwares
- Huawei Root နည်းများ
- iCloud ကျော်နည်း
- Internet Journal
- Internet Settings ချိန်နည်း
- iPad
- iPad Game
- iPhone
- iPhone App
- iPhone Firmwares
- iPhone Games
- iPhone Tutorials
- Jailbreak Tools
- Journal
- Keyboard and Font Changer
- Learning
- Mobile New များ
- Mobile Tool
- PC Software
- PC Suite
- Samsung
- Samsung Firmwares
- Samsung Root နည်းများ
- Sony Firmware တင်နည်း
- Sony Offical Firmwares
- Sony Phone Root လုပ်နည်းများ
- SYH Firmwares
- System Tuning
- Tablet Firmwares
- Utilities
- စာအုပ်များ
- ဖတ်စရာ မှတ်စရာ
- အွန်လိုင်းနည်းပညာ

0 comments:
Post a Comment