http://vandavasionline.com/wp-content/uploads/2012/09/Mobile-Shop.jpg -----------------------------------------------------------
-----------------------------------------------------------

သစ်ဆန်း အနေဖြင့် Mobile လောကမှာ ကျင်လည်လာတာ
သိပ်မကြာသေးပါဘူး ၂ နှစ်ဆိုတဲ့ အတိုင်းအတာလေးပဲ
ရှိပါသေးတယ်.....

ထို ၂ နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ လူမျိုးစုံ အထွေထွေနဲ့
ဆက်ဆံ ခဲ့ရပြီး လူတွေရဲ့ စိတ်ပုံစံအမျိုးမျိုးကိုလဲ လေ့လာခဲ့ရပါတယ်...
ဒါကတော့ နည်းပညာပိုင်းနဲ့ ပတ်သက်လို့ ကြုံလာရတဲ့
သာမန် Software Service သမားလေး ဘ၀အကြောင်းပါ....

ယခု ပြောပြချင်တာကတော့ Mobile ဖုန်းအရောင်းဆိုင်များ နှင့် Mobile ဖုန်းဝယ်ယူသူ User များ ရဲ့ ပြသနာပါ.....

ယခု နောက်ပိုင်း Facebook ဆိုတဲ့ Social Network ကြီး ပေါ်ပေါက်လာပြီးနောက် ဘာတွေ ဘယ်နေရာမှာ ဖြစ်ဖြစ်
မိမိ လက်ထဲ မှာ ရှိသော Mobile ဖုန်းများဖြင့် Internet မှတဆင့်
Facebook ပေါ် အချိန်နှင့်တစ်ပြေးညီ တင်ပေးနိုင်ပါပြီ။

တိုးတက်ပြောင်းလဲလာသော ခေတ်အခြေအနေအရ အလွန်ပင်
သတင်းနှင့်ဆိုင်ရာများ လိုက်မှီလာပါတယ်...

ဂျာနယ်တွေ သတင်းစာတွေ ဖတ်တာထက်ကို ပိုမိုမြန်ဆန်ပါသေးတယ်...

ထိုသို့ သတင်းများမှာ ကောင်းတာရှိသလို ကိုယ်လိုရာဆွဲထည့်သော
လှုမှုရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ ပုတ်ခတ်မှုတွေလဲ အလွန်ပင်များပြားလှပါတယ်...

အဓိက Mobile ဖုန်းဆိုင်များ နှင့် ပတ်သက်၍ ထိုဆိုင်တွင် ၀ယ်ယူသော
Customer အား ပိုင်ရှင် မှ သို့မဟုတ် ၀န်ထမ်းများ မှ မချေမငံ ပြောဆိုခြင်း
မောက်မာ ရိုင်းစိုင်းခြင်း ၀ယ်ယူသော ပစ္စည်းအပေါ် တာဝန်မယူခြင်း
စသည့် ပြသနာများအား Facebook ပေါ် တင်တာနှင့် တစ်ခြား Mobile User များ သိရှိပြီး ထိုဖုန်းဆိုင်များတွင် ဈေးဝယ်ခြင်းကို ရှောင်ရှားကြခြင်း
အချင်းချင်း လက်တို့ မကောင်းပြောဆိုခြင်းဖြင့် နာမည်ပျက်ဖို့ အင်မတန် လွယ်ပေ၏ ဒါတောင် အကင်းပဲ ရှိသေးတယ် ပြောရမလိုပါပဲ....

Facebook လက်ချက် မိပြီးနောက်ပိုင်းတွင် Mobile ဖုန်းဆိုင်များသည်
Customer အပေါ် ဂရုစိုက်လာ၏ ချိုသာလာ၏ လက်မဆွဲရုံတမယ် ပုခုံးမဖက်ရုံတမယ် အလွန်ပင် ဂရုစိုက်လာ၏ နာမည်မရသေးသော ဆိုင်လေးများထက် နာမည်ရစ ပြုလာသော နာမည်ရပြီးသားဖြစ်သော ဖုန်းဆိုင်များသည် ပို၍ အင်မတန် ဂရုစိုက်လာရလေသည်....

အကောင်းရှိသလို အဆိုးလဲ ရှိလာပါတယ်
ဘာကြောင့်လဲ ဆိုတော့ ဒီလို အခွင့်အရေးပေါ် အခွင့်ကောင်းယူပြီး
Mobile ဇုန်းဆိုင်ကြီးများတွင် Customer Right ဆိုသော စကားကို လက်ဆွဲပြီး အနိုင်ကျင့် ဗိုလ်ကျ လာလျက် ရှိသော Customer မျိုးကိုလဲ
လက်တွေ့ ကြုံရပါတယ် ဇတ်လမ်းလေးကတော့ ဒီလိုပါဗျာ....

သစ်ဆန်း အလုပ်လုပ်သော ဆိုင်သည် နာမည်ရစ ပြုလာသော Mobile ဖုန်းဆိုင် တစ်ဆိုင်ဖြစ်သည် အဘယ်ကြောင့် ဆိုသော် ထိုဖုန်းဆိုင်တွင်
ပစ္စည်းမှန် ဈေးမှန် ပြီး Customer အား ဦးစားပေးသောကြောင့်ဖြစ်ပါတယ်...

တစ်ရက် ထိုဖုန်းဆိုင်သို့ လူတစ်ဦး ရောက်လာပါတယ်
ဖုန်းပျက်၍ လာပြင်တာပါ ဖုန်းက ပါဝါမလာတော့ပါ
သူ၏ အပြောအရ ဘတ်ထရီအားကုန်နေတာဖြစ်ကြောင်း
ဖြစ်ပုံအရ လိုဂို မှာ ရပ်နေပြီး ဘာမှ မလာတော့ကြောင်း
သူကိုယ်တိုင် ရှင်းပြပြီး Firmware ရေးသင့်ကြောင်း
သူကိုယ်တိုင် အကြံပြုပါတယ်....

သစ်ဆန်း အနေဖြင့် စမ်းပေးထားမယ်ဆိုပြီး
ဘောက်ချာ လုပ်ပေးလိုက်ပါတယ်
ရမရ ဖုန်းပြန်ဆက်ပေးမယ်ဆိုပြီး ဖုန်းနံပါတ်ယူပြီးနောက်
ထို Customer လဲ ပြန်သွားပါတယ်....

ဘတ်ထရီအားသွင်းပြီးနောက် ဘာမှ တက်မလာလို့
ဟာ့ဒ်ဝဲလ် ဖြစ်နိုင်သည်ဟု ယူဆ၍ ဟာ့ဒ်ဝဲလ် ဘက် ပြကြည့်ရာ
ထင်သည့် အတိုင်း ဖုန်းသည် ရေ၀င်ထားသည်ဟု ထင်ရပြီး
အဖုန်းဖွင့်ပြီးသား ဖြစ်နေပါတယ် အထဲတွင်လဲ ခဲဂေါက် ကိုင်ထားသည်မှာ
မွစာ ကျဲနေသည်....

နောက်နေ့ ထို Customer ပြန်ရောက်လာသော အခါတွင်
သစ်ဆန်း မှ အကို့ ရဲ့ ဖုန်းကတော့ အတော်ပျက်စီးနေတာ
ရေ၀င်ထားသလား တစ်ခြားဆိုင်ပြဖူးသလား အထဲမှာလဲ မွစာကျဲနေတယ် လို့ ပြောလိုက်တာ ထ မသတ်ရုံတမယ်ပဲ ၀ူးဝူးဝါးဝါးဖြင့် ပြသနာရှာပါလေရော
မင်း သူဌေးကို ခေါ်ပေး တာဝန်ရှိသူ ခေါ်ပေးဆိုပြီး သူဌေးနဲ့ စကားပြောတဲ့အခါ ကျွန်တော် ခင်ဗျား ဆိုင်က ကောင်လေးကို ဖုန်းပေးသွားတာ ဘတ်ထရီအားကုန်နေတာကလွဲရင် အကောင်း
အခုက ကျွန်တော့်စက်ကို အဟောင်းနဲ့ ဖြုတ်လဲထားတာ ပြန်လျော်ပေးဗျာ ဆိုပြီး ပေါ်တင် အလျော်တောင်းပါလေရော...

သူဌေးကလဲ တက်နိုင်သလောက် ညှိယူပါသေးတယ် သို့သော်
ထို Customer မှ ခင်ဗျား ကျွန်တော် ကျေနပ်အောင် မလုပ်ပေးဘူးဆိုရင်
အင်တာနက် ပေါ်မှာ တင်လိုက်ရင် ခင်ဗျားဆိုင် နာမည်ပျက်သွားမှာနော် ဆိုပြီး ထပ်ချိန်းချောက်ပြန်ပါတယ်...

ကိုယ် မမှားသော်လဲ အောင့်သက်သက်ဖြင့် မိမိ ဖုန်းဆိုင်နာမည်ကို
တန်ဖိုးထားသဖြင့် ထိုလူကျေနပ်အောင် ဖုန်းအသစ်တစ်လုံးလျော်ပေးလိုက်ရပါတယ်....
ကျွန်တော်သူဌေးက လာပြောတယ် သား ရေ ဖုန်းတစ်လုံး တန်ဖိုးက ဘာမှ မရှိပေမယ့် ဆိုင်ရဲ့ နာမည်တန်ဖိုးက အရေးကြီးတယ်ကွယ့်
ဒီလို လူညစ်တွေက ဆယ်ကွေ့တစ်ကွေ့မှ တွေ့ရတာပါ
သား နောက်ကို သတိထားပေါ့ကွယ် ဆိုပြီး ပြန်နှစ်သိမ့်ပါတယ်...

ပြောချင်တာကတော့ ဒီလို ဖုန်းဆိုင်တွေဘက်က Customer တွေကို
ဦးစားပေးပြီး အလေးထားလာ ဂရုစိုက်လာပေမယ့် Customer တွေဘက်က
အနိုင်ကျင့်တာကို ခံလာရတယ် နိုင်ငံကြီးသား မပီသတဲ့ အပြုအမှုမျိုးတွေပါပဲ....

Internet အားကိုးပြီး Facebook ပေါ်မှာ ပေါက်တက်ကရ ရေးလဲ သေချာလေ့လာမှု မရှိပဲ အပြစ်တင် မစောကြပါနဲ့အုံး Customer Right ကို ဦးစားပေးတဲ့
ဖုန်းဆိုင်တွေ နစ်နာလှပါတယ်...

ဒီဖုန်းဆိုင်ကတော့ မကောင်းဘူးကြားရင် ကိုယ်တိုင်စနည်းနာတာမျိုးနဲ့
သစ်ဆန်း နောက်ပိုင်း သွားလေ့လာကြည့်တက်ပါတယ်...
တကယ် ဟုတ်နေတာမျိုး ရှိသလို စီးပွားရေးအရ မနာလိုပဲ
တမင် ပိုစ်တွေ တင်ပြီး တိုက်ခိုက်နေတာမျိုးလဲ ရှိပါတယ်...
ဒါကြောင့် နောက်ပိုင်း ဟိုပိုစ် ဒီပိုစ် Facebook မှာ တက်လာရင်
ဟုတ်မဟုတ် နီးစပ်ရာကို မေးတာဖြစ်ဖြစ် ကိုယ်တိုင် နီးနေရင် သွားလေ့လာတာဖြစ်ဖြစ်ပဲ လုပ်ပါတော့တယ် စီးပွားရေးနဲ့ ပတ်သက်တဲ့
အာဘော်တွေ သိပ်ပြီး အလေးမထားတော့ပါဘူး....

နှစ်ဦးနှစ်ဘက် လေးစားမှုဖြင့် ရေရှည်ဆက်ဆံမှုလေးတစ်ခုကို
တည်ဆောက်နိုင်ကြပါစေ ခင်ဗျာ....

Mobile User များ အားလုံးကို လေးစားလျက်....

သစ်ဆန်းခန့်

-----------------------------------------------------------------
====================================

(အထက်ပါ ပိုစ်သည် သစ်ဆန်းခန့် ၏ စိတ်ကူး ပိုစ်သက်သက်သာဖြစ်ပါသည် မည်သူတစ်ဦးတစ်ယောက်မှ နစ်နာစေရန်မရယ်ရွယ်ပါ)